ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (၉)ဦး ထပ်မံတွေ့ရှိ

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ()ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ  သိရသည်။

ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူ (၁၅)ဦးအား RDT (Test Kits) ဖြင့် စစ်ဆေးရာတွင် ()ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်()ဦးတွင် ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူများမှာ တောင်အင်းကျေးရွာမှ အသက်(၆၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးနှစ်ဦး၊ အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကျွဲတိကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရွာခိုင်ကျေးရွာမှ အသက်(၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇီးတောကျေးရွာမှ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကိုဗစ်ပိုးတွေ့ရှိသူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် မိုးကုတ်ရိပ်သာတွင် စီစဉ်ထားရှိသော Facility Centre တွင် ထားရှိပြီး လိုအပ်သော ကျန်းမာရေးဆေးကုသများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဇွန် ၂၉ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၂၉)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)