ပြင်သစ်အိုပင်းချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းနဲ့အတူ  ဖက်ဒဲရာ၏  ဂရင်းစလင်းအကြိမ် ၂၀ စံချိန်ကို နာဒယ်လ် လိုက်မီ

၁၂  အောက်တိုဘာ

မနေ့ညက ယှဉ်ပြိင်ခဲ့တဲ့ ပြင်သစ်အိုးပင်းတစ်ဦးချင်းပွဲစဉ်မှာ လက်ရှိချန်ပီယံဖြစ်တဲ့ နာဒယ်လ်က  ကမ္ဘာ့အဆင့်(၁) တင်းနစ်ကစားသမား ဆားဘီးယားသား ဂျိုကိုဗစ်ကို ၆-၀၊ ၆-၂၊ ၇-၅ နဲ့ အနိုင်ရပြီး  လက်ရှိချန်ပီယံဘွဲ့ကို အောင်အောင်မြင်မြင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အသက်( ၃၄)နှစ် အရွယ် နာဒယ်လ်အနေနဲ့ ပွဲစဉ်တစ်လျောက် အမှားအယွင်းမရှိကစားပြီး မြေစေးကွင်းဘုရင်လို့ သူ့ကို ဘာကြောင့် သတ်မှတ်ရတာလည်း ဆိုတာကိုပါ တစ်ပြိုင်နက်တည်း သက်သေပြသွားပါတယ်။ ဂျိုကိုဗစ်ဟာ နာဒယ်ရဲ့ လွှမ်းမိုးမှုအောက်မှာ လုံးဝကျရောက်ခဲ့ပြီး  ပွဲကစားချိန် ၂ နာရီ ၄၁ မိနစ်နဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

 

နာဒယ်လ်ဟာ အခုပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ဖက်ဒဲရာရဲ့ ဂရင်းစလင်း အကြိမ် ၂၀ ချန်ပီယံ ဖြစ်ထားတဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်အိုးပင်းမှာ ၁၃ ကြိမ် ချန်ပီယံဖြစ်တယ်ဆိုတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ရရှိခြင်း မရှိခဲ့တဲ့ စံချိန်ကိုလည်း ထပ်တင်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ၂၀၀၅ ခုနှစ်မှာ ပြင်သစ်အိုးပင်းမှာ နာဒယ်လ် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

 

နာဒယ်လ်ကတော့ “ ဒီအောင်မြင်မှုဟာ ရိုလန်ဂရော့စ်မှာ ရရှိတဲ့အောင်မြင်မှုသာဖြစ်ပြီး ဖက်ဒဲရာရဲ့ အကြိမ် ၂၀ မြောက် ဂရင်းစလင်းအောင်မြင်မှုနဲ့ တူညီတဲ့ အဆင့်တစ်ရပ်လို့  မတွေးထားပါဘူး”လို့ ပွဲအပြီး ပြောကြားခဲ့ပါတယ်။

 

နာဒယ်လ်ရဲ့ ပြင်သစ်အိုးပင်းနဲ့ ပတ်သက်သည့် အောင်မြင်မှု စံချိန်များ

တစ်ကွင်းတည်း တစ်နေရာတည်းမှာပင် ချန်ပီယံဆု ၁၃ ကြိမ် ရရှိသည့် ကစားသမားမရှိခဲ့

၁၀ စုနှစ်တစ်ခုအတွင်း မည်သည့် ကစားသမားမှ ပြင်သစ်အိုးပင်းတွင် ချန်ပီယံဆက်တိုက် ဖြစ်ခဲ့သူ မရှိ  ( ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄)

မေလဲ့သင်း