ပြင်သစ်နိုင်ငံက ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှာ ဓားကိုင်ထားသည့် အမျိုးသားတစ်ဦး ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူ ၃ ဦး သေဆုံး

၂၉ အောက်တိုဘာ

ပြင်သစ်နိုင်ငံ နီစ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းတွင် ဒီနေ့ (ကြာသပတေးနေ့) မှာ ဓားကိုင်ထားတဲ့ အမျိုးသားတစ်ဦးက ဓားနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

နီစ်မြို့ရှိ နော့်ထရာဒန် ဘုရားကျောင်းမှာ ဓားကိုင်ထားတဲ့ အမျိုးသားတစ်ဦးက အဖိုးအိုတစ်ဦးနဲ့ အဖွားအိုတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ရာ ဘုရားကျောင်းထဲမှာပဲ သေဆုံးခဲ့ပြီး တတိယမြောက် အမျိုးသမီးတစ်ဦးကတော့ ဓားဒဏ်ရာကြောင့် ဆေးရုံမှာ သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 

ဘုရားကျောင်းဟာ လူတွေလာရောက် ဝတ်ပြုရန်အတွက် နံနက် ၈ နာရီတွင်စတင်ဖွင့်ပေးခဲ့ရာ နံနက် ၉ နာရီမတိုင်ခင် အခင်းဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ဓားနဲ့တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ၎င်းကို ဆေးကုသပေးနေစဉ်အထိ ဆက်တိုက်အော်ဟစ် ကြွေးကြော်နေကြောင်း နီစ်မြို့တော်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ ၂၀၁၅ ခုနစ် ဇန်နဝါရီလကစပြီး ဂျီဟတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP