ပြင်သစ်နိုင်ငံမှာ အသွားအလာကန့်သတ်မှု ရုပ်သိမ်းပြီးနောက် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၈၉၇ ဦးရှိ

၂၄ ဩဂုတ်

 

ပြင်သစ်နိုင်ငံမှာ ၂၄ နာရီအတွင်း တနင်္ဂနွေနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၉၀၀ နီးပါးရှိရာ မေလနောက်ပိုင်းမှာ အများဆုံးတွေ့ရတဲ့ ပမာဏဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်များနိုင်မယ့် အခြေအနေမှာ ရှိနေတယ်ဆိုတာ ကျန်းမာရေးဝန်ကြီးက သိထားကြောင်း ပြောပါတယ်။ စနေနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၆၀၂ ဦးရှိပြီး တနင်္ဂနွေနေ့မှာတော့ ၄၈၉၇ ဦးရှိကြောင်း ပြင်သစ်ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။

 

ကျန်းမာရေးဝန်ကြီးက မေလက အသွားအလာကန့်သတ်မှု ရုပ်သိမ်းပြီး နှစ်လအတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးဖြစ်နေပါတယ်။

 

နိုင်ငံအတွက် အန္တရာယ်ရှိတဲ့အခြေအနေမှာ ရောက်နေတယ်လို့ ဆိုနိုကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတာဟာ နွေပိတ်ရက်ကနေ အလုပ်တွေဆီ ပြန်လာကြတဲ့အတွက် ဖြစ်ကြောင်း၊ ဒါပေမယ့် အခုအခြေအနေဟာ ပြင်သစ်မှာ ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ချိန် ဖေဖော်ဝါရီလလိုတော့ မဟုတ်ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများစုဟာ အသက် ၄၀ အောက်နဲ့ အသက် ၆၅ နှစ်အထက်တွေမှာ လေးဆလောက်များကြောင်း ပြောပါတယ်။

 

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးစစ်ဆေးသူဟာ သီတင်းတစ်ပတ်အတွင်းမှာ လူပေါင်း ၇၀၀၀၀၀ ရှိကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ လူငယ်တွေကနေ အသက်အရွယ်ကြီးသူတွေကို ကူးစက်ဖို့အတွက် အခွင့်အရေးက ပိုရှိနေကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားပါတယ်။

 

ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုတွေ့ရှိသူ လက်ရှိမှာ ၄၇၀၉ ရှိပြီး အရေးပေါ်အခန်းမှာ ကုသနေရသူ ၃၈၃ ဦး ရှိကြောင်းနဲ့ ကပ်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၀၀၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား- AFP