ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၅၅၀၀၀ ကျော် ရှိ

၇ ဒီဇင်ဘာ

 

ပြင်သစ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၅၅၀၀၀ ကျော်ရှိလာသည်ဟု ပြည်သူ့ကျန်းမာရေးအေဂျင်စီ Sante Publique က ယမန်နေ့က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့်  ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၁၇၅ ဦး စံချိန်တင်သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၅၅၁၅၅ ဦး အထိ မြင့်တက်လာသည်ဟု ထိုအေဂျင်စီက ဆိုသည်။

 

တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၀၂၂ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားပြီး နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူဦးရေစုစုပေါင်း ၂၂၉၂၄၉၇ ဦး ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်အဆင့် သုံးဆင့်သတ်မှတ်ထားပြီး လာမည့်နှစ်အစောပိုင်းတွင် ဘိုးဘွားရိပ်သာတွင် နေထိုင်သူများနှင့် ၎င်းတို့၏ဝန်ထမ်းများ ဦးရေ တစ်သန်းကို ကနဦးအနေဖြင့် ကာကွယ်ဆေးထိုးပေးမည်ဟု စီစဉ်ထားသည်။

 

ဖေဖော်ဝါရီလမှစတင်ကာ အသက်အန္တရာယ်စိုးရိမ်ရသူ/ နာတာရှည်ရောဂါရှိသူ ၁၄ သန်းကို ရောဂါကာကွယ်ဆေးထိုးရန် အစိုးရက ရည်ရွယ်ထားသည်။

 

ပြည်သူလူထုကို နွေဦးရာသီတွင် ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို