ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်သန်းနီးပါးအထိရှိလာ

၂၂ အောက်တိုဘာ

 

 

ပြင်သစ်နိုင်ငံတွင် အောက်တိုဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၀၀၃၆၉ ဉီးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၃၄၀၇၅ ဉီးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

 

 

ပြင်သစ်နိုင်ငံသည် ဉရောပတိုက်တွင် ဒုတိယမြောက်  ကိုဗစ်-၁၉ ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဉီးရေ တစ်သန်းရှိသွားပြီဖြစ်သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေစဉ်အတွင်း  ပြင်သစ်နိုင်ငံတွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂါဘရီရယ် အာတယ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပြောကြားခဲ့သည်။

 

 

ဥရောပတိုက်ဒေသတွင်းရှိ နိုင်ငံများ၌ နေ့စဉ်ကူးစက်မှုများ မြင့်တက်လာလျက်ရှိပြီး  ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ရင်ဆိုင်နေရလျက်ရှိသည်။

 

 

ဗြိတိန်နိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ဖြစ်ပွားသူအရေအတွက် ၂၆၆၈၈ ရှိပြီး ပိုလန်နိုင်ငံ၌လည်း ဗုဒ္ဓဟူးနေ့ အတွင်းက ရောဂါကူးစက်ခံရသူ ၁၀၀၀၀ အထိ စံချိန်တင် ရောက်ရှိခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

a1