၂၃ ဒီဇင်ဘာ
ပြင်သစ်ဖက်ရှင် ဒီဇိုင်နာ အီမန်နူရယ် အန်ဂါရို အသက် ၈၆ နှစ်သည် ပြီးခဲ့သည့် စနေနေ့က ကွယ်လွန်ခဲ့သွားသည်။
အန်ဂါရို အမှတ်တံဆိပ်ကိုတည်ထောင်သူ အန်ဂါရိုကို ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ၁၉၃၃ ခုနှစ်၌ အီတလီလူမျိုး ရွှေ့ပြောင်းနေထိုင်သော မိသားစုတစ်စုက မွေးဖွားခဲ့သည်။
အသက် ၂၀ နှစ်အရွယ်တွင် ပဲရစ်မြို့သို့ ရွှေ့ပြောင်းသွားခဲ့ပြီး စပိန် ဒီဇိုင်နာ ခရစ်တိုဘယ် ဘေလန်စီအဂါ လက်အောက်တွင် သင်ယူလေ့ကျင့်ခဲ့သည်။
အန်ဂါရိုသည် ၁၉၆၅ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ထောင်ခဲ့သည်။
အန်ဂါရိုသည် ၂၀၀၄ ခုနှစ်တွင် ဒီဇိုင်နာလုပ်ငန်းမှ အငြိမ်းစားယူခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်နှစ်က ကျန်းမာရေးချို့တဲ့ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို