ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းစည်းဝေး

ပြင်ဦးလွင် ၂၄ သြဂုတ်  


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  သြဂုတ်  ၂၃ ၊ ညနေ ( ၃) နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်ဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ၊ သတင်းမီဒီယာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။  


ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးပါစည်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တိုင်းဒေသကြီး ၊ ဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ကလေးစာပေပွဲတော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်လင်းဆွေးနွေးခြင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး မှ ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော် ကျင်းပရမည့် ရည်ရွယ်ချက်၊  ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းမည့် အခြေအနေ ပူးပေါင်းပါဝင်ရေးလုပ်ငန်းနှင့် ကလေးစာပေပွဲတော်ကျင်းပမည့် နေရာ / နေ့ရက် / အချိန်များ ရွေးချယ်ရေးနှင့် ပတ်သတ်၍  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
 

ဆက်လက်  တက်ရောက်လာသူများမှ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်ပတ်သတ်၍ အသီးသီးရှင်းလင်းတင်ပြကြ၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးပါစည်က ပြင်ဦးလွင်ခရိုင်အတွင်း ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး  တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရေးဌာန၊ လူမှုရေးအဖွဲ့အစည်းများ စသည့် အလွှာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ပါဝင်ကူညီဆောင်ရွက်မှသာ ပြင်ဦးလွင်ရဲ့ ကလေးစာပေပွဲတာ်ပုံရပ် ပိုမိုလှပကောင်းမွန်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


ဇော်မျိုးထိုက် (ပြင်ဦးလွင်)