ပြင်ဦးလွင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော  ရှင်သာမဏေများနှင့် သီလရှင်များအား ထောက်ပံ့ငွေများ လှူဒါန်း  

ပြင်ဦးလွင်   ဇန်နဝါရီ   ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ အမှတ်() အခြေခံပညာအထက်တန်း ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ရှင်သာမဏေများနှင့် သီလရှင်များအား ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ကျောင်းခန်းမ၌ တာဝန်ရှိသူများက ထောက်ပံ့ငွေများ လှူဒါန်းခဲ့သည်။

 

ပြင်ဦးလွင်မြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်မှ အထက်တန်း အဆင့်အထိ ရှင်သာမဏေ ၂၅ ပါးနှင့် သီလရှင် ၄၄ ပါး စုစုပေါင်း ၆၉ ပါးတို့အား မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုကိုယ်စား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက  ကျောင်းသုံးစာရေး ကိရိယာများ ဝယ်ယူရန် တစ်ပါးလျှင် ငွေကျပ် ၃၀၀၀၀ စီ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

(ခရိုင် ပြန်/ဆက်)