ပြင်ဦးလွင်မြို့၌ အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး

နေပြည်တော် ၂၁ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ဇူလိုင် ၂၀ ရက်က အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)နေ ဦးအိုက်ထွန်း (၄၇)နှစ်သည် ဇူလိုင် ၂၀ ရက် ညနေ ၅ နာရီခွဲက နေအိမ်အနောက်ဖက်ဘေးရှိ ဆောက်လက်စ နှစ်ထပ်တိုက် သံကိုယ်ထည် အဆောက်အဦ၏ အပေါ်ထပ်တွင် သံဂဟေဆော်ရန်အတွက် သံချောင်းအား အလုပ်အတူလုပ်ကိုင်သူ ခိုင်ထွန်းနောင် (၂၂)နှစ်နှင့်အတူ ဆွဲယူလိုက်စဉ် နေအိမ်ဘေးသွယ်တန်းထားသော ဗို့အား ၃၃ ကေဗွီ ဓာတ်ကြိုးနှင့်ထိမိပြီး ဦးအိုက်ထွန်းနှင့် ခိုင်ထွန်းနောင်တို့မှာ ဓာတ်လိုက်၍ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် အဆိုပါသေဆုံးမှုအား ပြင်ဦးလွင်မြို့မရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား