ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

နေပြည်တော် ၂၇ ဇူလိုင်


ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မိသားစု၏ (၁၃) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲက ပျဉ်းမနားမြို့ ရတနာသိဒ္ဓိ ကျောင်းတိုက်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

 

1


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ရတနာ သိဒ္ဓိ ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ကုသလ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော် နာယူကြသည်။

 

2


အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ်ဦးတို့က ပဓာနနာယက ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းပြီး  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က သံလမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသ အရှင်သူမြတ်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

 

3


ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအမှူးများက ပင့်သံဃာများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး တိုင်းသံဃာ့ဝန်ဆောင်၊ သံလမ်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၊ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။


MDN