ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ကျိုင်းတုံမြို့နယ်အတွင်း ကျေးရွာသူကျေးရွာသား ၃၃၅ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ကျိုင်းတုံ မေ ၁၆

 

ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ ပင်းတောက်ရွာရှိ အဲန်လူမျိုးများအား အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုကို ယနေ့တွင် မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက အိမ်ထောင်စု (၆၁)စု၊ အသက် (၁၀)နှစ်ပြည့် ကျား(၇၄)+မ(၆၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁၁၇)+မ(၁၀၆)ဦး စုစုပေါင်း ကျား(၁၉၁)+မ(၁၆၈) ပေါင်း (၃၃၅)ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးပြီး Biometric Data (UID) ကတ်ကိုလည်း တစ်ပါးတည်း ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးတွင်လည်း မိဘပြည်သူများအား Biometric Data (UID) ကတ် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်