ပန်နန်းဒင်မြို့၌ မြို့အ၀င်ဆိုင်းဘုတ်သစ် စိုက်ထူ

ပန်နန်းဒင် ၂၆ ဇူလိုင်

 

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင်မြို့၌ မြို့အ၀င်ဆိုင်းဘုတ်သစ်ကို ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီက ပန်နန်းဒင်မြို့အ၀င်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြို့အ၀င်ဆိုင်းဘုတ်သစ် စိုက်ထူရာတွင် ပန်နန်းဒင်မြို့ မြို့စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့စည်ပင်သာယာရေးကော်မတီ၀င်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ စိုက်ထူခဲ့သည့် ဆိုင်းဘုတ်အသစ်မှာ မြန်မာပြည်မြောက်ဖျားပိုင်း “ခါကာဘိုရာဇီဒေသ ပန်နန်းဒင်” ဟူ၍ ဖြစ်သည်။

 

ပန်နန်းဒင်မြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၃၂၈၀)ပေတွင် တည်ရှိသည့် မြန်မာပြည်မြောက်ဖျားဆုံးပိုင်းဒေသ နောင်မွန်မြို့နယ်ရှိ မြို့လေးတစ်မြို့ ဖြစ်သည်။

 

နောယော်ဘော်(ပြန်/ဆက်)