ပညာအရည်အသွေး အဆင့်မြှင့်တင်

mdn

နေပြည်တော် ၁၄ ဇူလိုင်

 

“ကျွန်မတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပိုပြီးတော့ပြီးပြည့်စုံမယ့် လူသား တွေကိုမွေးထုတ်ပေးနိုင်မယ့် ပညာရေးဌာနကြီး၊ အဆင့်မြင့်ပညာရေး ဌာနကြီးဖြစ်ဖို့ ကျွန်မတို့ ဦးတည်ပါတယ်။ ပညာအရည် အသွေးမြှင့်တင်ရေး ကော်မတီဟာ ပညာအရည်အသွေးဆိုတာ ဘာလဲဆိုတာကို စဉ်းစားပြီး တော့ ပိုပြီးလေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

 

“ကျွန်မတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပိုပြီးတော့ပြီးပြည့်စုံမယ့် လူသားတွေကိုမွေးထုတ်ပေးနိုင်မယ့် ပညာရေးဌာနကြီး၊ အဆင့်မြင့်ပညာရေးဌာနကြီးဖြစ်ဖို့ ကျွန်မတို့ ဦးတည်ပါတယ်။ ပညာအရည် အသွေးမြှင့်တင်ရေး ကော်မတီဟာ ပညာအရည်အသွေးဆိုတာ ဘာလဲဆိုတာကို စဉ်းစားပြီး တော့ ပိုပြီးလေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသည့် ပညာအရည်အသွေး ဆိုသည်မှာ ပိုမိုပြီးပြည့်စုံမည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် ပညာရေးဌာနကြီးကို ရည်òန်းထားပြီး ထိုပညာ ရေးဌာနကြီးမှာ အတိတ်တစ်ချိန်က မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားကျော်ကြား ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးပင်ဖြစ်သည်။ ထိုစဉ်ကာလက ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြား ခဲ့သော ကျောင်းသား ကျောင်းသူ အများစုသည် ထူးချွန်ထက်မြက်သော လူသားအရင်း အမြစ်များဖြစ်ခဲ့ကြသည်။

 

စစ်ကြိုခေတ်နှင့်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာပေါ်တွင် ထင်ရှားသည့် တက္ကသိုလ်များ၌ အပါအဝင်ဖြစ်ပြီး ပညာရည်အားဖြင့် အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့သည်။ တက္ကသိုလ်ပရိဝုဏ်နှင့်ဥပဓိရုပ်မှာလည်း အရှေ့တောင်အာရှတွင် အလှပဆုံးဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အလယ်တွင်ဂုဏ်ကျက်သရေထွန်းလင်းတောက်ပသော တက္ကသိုလ်အဖြစ် ဂုဏ်မြင့်ခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ တရားဝင်အသိအမှတ်ပြု တက္ကသိုလ်ဖြစ်ခဲ့ပြီး လာမည့်နှစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀ဝ) တိတိပြည့်ပြီဖြစ်သည်။ ဂုဏ်သတင်းပြောင်မြောက်ခဲ့သည့် တက္ကသိုလ်ပညာအရည်အသွေးသည် ခေတ်ကာလအလျောက် နိမ့်ကျသက်ဆင်းခဲ့ရပြီး ကျောင်းပတ်ဝန်းကျင်သည်လည်း သွေ့ခြောက် ခဲ့ရသည်။ ထင်ရှားခဲ့သော တက္ကသိုလ်ကြီးအဖြစ်ပြန်လည်အသက်ဝင်လှုပ်ရှားလာရေးကို နိုင်ငံတော် အစိုးရ၏ ဦးစီးဦးဆောင်ပြုမှုနှင့်အတူ ပညာရေးဘက်ဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြတော့မည်ဖြစ်သည်။

 

ထို့ကြောင့် နိုင်ငံတော်၏ ဦးဆောင်ကြိုးပမ်းမှု၊ ရန်ကုန်တက္ကသိုလ်၏ ပညာရင်ငွေ့ကို ခိုလှုံခံစား ရရှိခဲ့ကြသည့် အတွေ့အကြုံရှိသော ကျောင်းသားဟောင်းပညာရှင်များ၏ ပါဝင်ကြိုးပမ်းအားထုတ် မှုတို့ဖြင့် လာမည့်နှစ် ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ) ပြည့်ကာလတွင် အတိတ်တစ်ချိန်ကကဲ့သို့ ဂုဏ်သတင်းကျော်စောသော တက္ကသိုလ်ကြီးအဖြစ် ပြန်လည်ပေါ်ထွန်းလာအောင် ကြိုးပမ်းစွမ်းဆောင် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

သို့ဖြစ်ရာ သမိုင်းကြောင်းဂုဏ်သတင်းအစဉ်အလာကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့်မြှင့်တင်ပြီး ရှေးယခင်ကဲ့သို့ အသက်ဝင်အောင် ကြိုးပမ်းအားထုတ်နေခြင်းသည် နိုင်ငံတော်နှင့်နိုင်ငံသားများ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေး၊ တန်းတူလိုက်နိုင်ရေး အတွက် ပညာအရည်အသွေးမြှင့်တင်ပေးခြင်း ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ရှုမြင်ရပါကြောင်း။

 

ကြေးမုံ