ပညာရေးကောလိပ်ကျောင်းသားတစ်ဦး လှေဆင်းတံတားပေါ်မှ ပြုတ်ကျကာပျောက်ဆုံး

ရေး ၃  ဇူလိုင်   

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာတွင် နေထိုင်ပြီး ကိုဗစ်-၁၉ ကာလ ကျောင်းပိတ်ချိန်တွင် ရေလုပ်ငန်း၌ စာရင်းကိုင်အဖြစ်လုပ်ကိုင်နေသူ မောင်သီဟဦးသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဘော်ကျေးရွာ၊ ကင်းဘုရားနယ်မြေ (အနောက်ကင်းဘုရား) လှေဆင်း တံတားပေါ်မှ ရေထဲပြုတ်ကျကာ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

၎င်းသည် ပညာရေးကောလိပ် ဒုတိယနှစ်ပညာသင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်ကာ ကျောင်းပိတ်ချိန်တွင် ချောင်းတောင် ကျေးရွာ ရေလုပ်ငန်းရှင်တစ်ဦးထံတွင် စာရင်းကိုင် အလုပ်လုပ်ကိုင်နေပြီး အဘော်ကျေးရွာအုပ်စု၊ ကင်းဘုရားနယ်မြေရှိ ငါးဖမ်းစက်လှေသို့ လုပ်ငန်းသုံး မူလီချောင်းများနှင့် ငွေများပို့ဆောင်ရာ လှေဆင်းတံတားပေါ်မှ ပြုတ်ကျကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်ကြောင့် အဆိုပါနေရာတွင် ကယ်ဆယ် ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ရှာဖွေလျက်ရှိကြရာ  ယခုအချိန်အထိ တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)