ပြည်ကြီးတံခွန်မြို့နယ်တွင် Grade-7 Online Training ခရိုင်အဆင့်သင်တန်းဆွေးနွေးပွဲနှင့် Grade-4 Face to Face Training မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး   ၁၅   ဇွန်

           

Grade-7 Online Training ခရိုင်အဆင့်သင်တန်းဆွေးနွေးပွဲနှင့် Grade-4 Face to Face Training မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၂၇)ကျောင်း တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

 

mdn

 

ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်ပညာရေးမှူး ဒေါ်ဆွေဆွေစန်းနှင့်လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမင်းဆွေ တို့ က အမှာစကားပြောကြားသည်။ထို့နောက် သင်တန်းများအား ဆက်လက်ကျင်းပသည်။

 

ဒီနေ့မှာ သင်တန်း(၂)ခုဖွင့်လှစ်လျက်ရှိကြောင်း၊ Grade-7 Online Training ခရိုင်အဆင့်သင်တန်း ဆွေးနွေးပွဲကို ပြည်ကြီးတံခွန်မြို့နယ် မှ သင်တန်းသား သင်တန်းသူဆရာ ဆရာမ ၁၆ ဦးက ပါဝင်ဆွေးနွေးလျက်ရှိကြောင်း၊ Grade-4 Face to Face Training သင်တန်းတွင် Online Training သင်တန်း ဆင်းပြီးသော သင်တန်းနည်းပြ(၃၆)ဦးမှ တစ်ခန်းလျှင်(၂)ဦးနှုန်းဖြင့် အခန်း(၁၈)ခန်းခွဲကာ ကိုဗစ် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းမှ သင်တန်းသား သင်တန်းသူ ဆရာဆရာမ (၃၅၈)ဦး တက်ရောက် သင်ကြား လျက်ရှိ ကြောင်း၊ သင်တန်း ကာလမှာ (၆)ရက် ဖြစ်ကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမင်းဆွေ က ပြောကြားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)