ပြည်ပဲကြီး နှစ်စဉ်ဈေးကောင်းရလျက်ရှိ

ဇူလိုင် ၂၀

 

ပြည်ပဲမျိုးစုံဈေးကွက်တွင် ပဲကြီးသီးနှံအနေဖြင့် မတ်ပဲ၊ ကုလားပဲသီးနှံများနှင့် နှိုင်းယှဉ်လျှင် ဈေးပိုရလျက်ရှိပြီး ပဲလက်ကျန်ရှိမှုအပေါ် နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည်။

 

ပြည်ပဲကြီးကို ပဲခွဲစက်သမားများ အဓိကဝယ်ယူကြကာ ရန်ကုန်ဝယ်လက်လည်း ရှိသည့်အတွက် အိတ် ၂၀၀/ ၃၀၀ ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပြီး ပဲကြီးဈေးနှုန်း ရွှေကျွန်းတစ်တင်း ၉၇၀၀၀ ကျပ်၊ ကမ်းနားတစ်တင်း ၉၃၀၀၀ ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြသည်။

 

ပဲကြီးသီးနှံသည် အခြားပဲများနှင့် နှိုင်းယှဉ်လျှင် နှစ်စဉ်ဈေးကောင်းရသောကြောင့် ယခင်နှစ် ဇူလိုင်လက တစ်တင်း ၇၅၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရခဲ့ပြီး ယခုနှစ်တွင် တစ်တင်း ကျပ်တစ်သိန်းနီးပါးအထိ ရရှိနေသောကြောင့် လှောင်၍ထားသော ပဲကြီးများကို ပဲလက်ကျန်သမားများ ထုတ်ရောင်းချမှုရှိသည်။

 

MDN
Credit - စားသုံးသူရေးရာဦးစီးဌာန(ပဲခူး)