ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ နိုင်ငံသံအမတ်ကြီး H.E.Mr. Joao Freitas de Camara နှင့်အဖွဲ့အားတွေ့ဆုံ

နေပြည်တော် ၂၀ ဇူလိုင်

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Joao Freitas de Camara အား ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တီမောနိုင်ငံတို့၏ တိုးတက်ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေး၊ တီမောနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးမှုနှင့် နိုင်ငံတည်ဆောက်မှု အတွေ့အကြုံများ၊ နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ၊ အာဆီယံ နိုင်ငံများအသင်းတွင် တီမောနိုင်ငံ ပူးပေါင်းပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ တီမောနိ်ုင်ငံ၏ သယံဇာတထုတ်ယူသုံးစွဲရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သည့် အတွေ့အကြုံကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)