ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Sunshine Yangon Co., Ltd မှ Executive Director Mr. Noh Jung Hwan နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၀ ဇွန်

 

 

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Sunshine Yangon Co., Ltd မှ Executive Director Mr. Noh Jung Hwan နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) ၌ တွေ့ဆုံသည်။

 

 

တွေ့ဆုံစဉ်  Smart City, Smart Home, Smart Office စသည့် လုပ်ငန်းများ၏ Security System များနှင့် ပတ်သက်ပြီး နည်းပညာဆိုင်ရာ အချက်အလက်များအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

(သတင်းစဉ်)