ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Elite City Investment Co.,Ltd နှင့် China Changchun Hongda Information Science & Technology Co.,Ltd တို့မှ ကိုယ်စားလှယ်များအားတွေ့ဆုံ

နေပြည်တော် ၁၈  ဇွန်

 

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Elite City Investment Co.,Ltd နှင့် China Changchun Hongda Information Science & Technology Co.,Ltd တို့မှ ကိုယ်စားလှယ်များအားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် E-Government နှင့် E-ID စနစ်ကိုအသုံးပြု ဆောင်ရွက်နိုင်ရန်နှင့် စပ်လျဉ်း၍ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်၊ စီးပွားရေး၊လူမှုရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းရေးစနစ်၊ E-Education ၊ E-Passport ၊ E-Banking System စသည့်လုပ်ငန်းအသီးသီး၌ E-Government ဖြင့် လုပ်ဆောင်မှုအဆင့် ဆင့်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)