ပြည်သူ့လွှတ်တော် WEBSITE အသစ် လွှင့်တင်ထားရှိ

နေပြည်တော် ၁၇ ဇန်နဝါရီ

 

ပိုမိုပြည့်စုံသော သတင်း အချက်အလက်များနှင့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် Website အသစ်ဖြစ်သည့် www.pyithu.hluttaw.mm ကို လွှင့်တင်ထားကြောင်း သိရပါတယ်။

 
အဆိုပါ Website အသစ်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ခြင်းနှင့် ဝန်ကြီးဌာနများအလိုက် မေးခွန်းနှင့် ဖြေကြားချက်များ၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ဆဋ္ဌမပုံမှန် အစည်းအဝေးအထိ ကျင်းပခဲ့သော အစည်းအဝေး အကြိမ်များအလိုက် အစည်းအဝေး မှတ်တမ်းများ၊ မေးခွန်းနှင့် အဖြေများ၊ အဆိုများနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့မှစ၍ အစည်းအဝေး ကျင်းပသည့် ရုပ်သံဖိုင်များကိုလည်း ပြည့်စုံစွာ လွှင့်တင်ထားတယ်လို့ သိရပါတယ်။


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကော်မတီ၊ ကော်မရှင်များ၏ သတင်းများ၊ မိန့်ခွန်းနှင့် ကြေညာချက်များကိုလည်း အဆိုပါ Website အသစ်၏ သတင်းနှင့် ပြန်ကြားရေး ကဏ္ဍမှာ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။


ပြည်သူ့လွှတ်တော် Website မှာ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် ပြည်သူ့လွှတ်တော်၏ သတင်းများ၊ ပုံမှန် အစည်းအဝေးများနှင့် အဆိုများအပြင် ဥပဒေများ၊ အခြားလေ့လာ ဖတ်ရှုစရာများကို ပြည့်စုံစွာ ဖော်ပြထားရှိပြီး ပြည်သူများ အနေဖြင့် အကြံပြုချက်များ ပေးပို့လိုပါက [email protected] သို့ ပေးပို့နိုင်ကြောင်း သိရပါတယ်။


MDN