ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Department for International Development-DFID အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၅  ဇူလိုင်  

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Department for International Development-DFID မှ Mr. Joe Rolling နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် DFID အနေဖြင့် မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးဆိုင်ရာ အကူအညီများပေးရေး၊ လွှတ်တော်များ၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လွှတ်တော်ကော်မတီများ ပိုမိုအားကောင်းခိုင်မာလာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)