ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဖက်ဒရယ်နိုင်ငံများဖိုရမ်၏ ဒုတိယဥက္ကဋ္ဌ Mr. Felix Knuepling အား တွေ့ဆုံ

နေပြည်တော် ၁၃ ဇွန်

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဖက်ဒရယ်နိုင်ငံများဖိုရမ်၏ ဒုတိယဥက္ကဋ္ဌ Mr. Felix Knuepling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် Forum of Federations အနေဖြင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်ရေးဆိုင်ရာ အကူအညီပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာရေးအတွက် အခြေခံလိုအပ်ချက်များ၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်နိုင်ငံ အကောင်အထည်ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။   

 

(သတင်းစဉ်)