ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၂၄ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်သက်ယု ဦးဆောင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၂)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၃၉၀၃၁ ဦးနှင့် ပြည်ပဧည့်သည် ၁၇၅၈ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)