ပြည်သူ့လွှတ်တော်သို့ ပြည်သူများ လာရောက်လေ့လာ

နေပြည်တော် ၁၅ ဇွန် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌဌမပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်၏ မိသားစုဝင်နှစ်ဦး၊ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး၊ ညောင်ရွှေမဲဆန္ဒနယ်၏မိတ်ဆွေနှစ်ဦး၊ ဦးမင်းကြည်၊ သံတွဲမဲဆန္ဒနယ်၏ မိတ်ဆွေနှစ်ဦး၊ ဦးနေမျိုးထွန်း၊ ထန်းတပင်မဲဆန္ဒနယ်၏ မိတ်ဆွေငါးဦး၊ ဒေါက်တာမေဝင်းမြင့် ၊ မရမ်းကုန်းမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်ကြသော ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အမျိုးသမီးလုပ်ငန်းကော်မတီမှ ဒေါ်ခင်မေလင်းဦးဆောင်သည့် ကော်မတီဝင်(၁၁၇)ဦးနှင့် ကွန်ပျူတာတက္ကသိုလ်(မအူပင်)မှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာခင်မြမြသက်ဦးဆောင်သည်‌့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၀၉)ဦး၊ စုစုပေါင်း(၂၃၇)ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်၊ အလုံမဲဆန္ဒနယ်၏ မိတ်ဆွေကိုးဦးနှင့်အတူလွှတ်တော်အဆောက် အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်း မှာ ပြည်တွင်းဧည့်သည် ၃၈၀ဝ၈ဦးနှင့် ပြည်ပဧည့်သည် ၁၇၁၄ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)