ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ် ဗြိတိန်သံအမတ်ကြီး H.E.Mr. Daniel Partick Chugg အား လက်ခံတွေ့ဆုံ

နေပြည်တော် ၅ ဇူလိုင်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအ မတ်ကြီး H.E.Mr. Daniel Patrick Chugg အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေးအတွက် အကူအညီပေးရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

(သတင်းစဉ်)