ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဝိုင်းဝန်းသွားဖို့ရှိပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

နာဗစ်ဘွန် [လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဗဟိုကော်မတီဝင်] က ကျွန်မတို့အနေနဲ့ လက်မှတ်ရေးထိုးပွဲမှာ လာရောက်လက်မှတ်ရေးထိုးနိုင်တဲ့အတွက် အင်မတန်မှ ဂုဏ်ယူပါတယ်။ ပြည်သူလူထုနဲ့ အတူတကွပူးပေါင်းပြီး လားဟူလူမျိုးတွေ တိုးတက်ဖို့ အများကြီး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ နိုင်ငံတော်အဆင့်ဆိုရင်လည်း နိုင်ငံတော်အဆင့်၊ အောက်ခြေမှာဆိုရင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရှိတယ်၊ လူထုတွေ့ဆုံ ဆွေးနွေးပွဲတွေရှိတယ်။ ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဝိုင်းဝန်းသွားဖို့ရှိပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့ အများကြီး ညှိနှိုင်းကြိုးစားခဲ့ပါတယ်။ အစိုးရနဲ့ညှိနှိုင်းမှုက တစ်ပိုင်း၊ လားဟူပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းပူးပေါင်းဖို့အတွက် အများကြီး ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။ ဆယ်စုနှစ်ချီပြီး ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့အတွက် လားဟူလူမျိုးစု ပါဝင်လာတဲ့အချိန်မှာ ပြည်သူလူထုကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အတွက် အထူး ဂုဏ်ယူဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကိုလည်း သေချာစွာစေ့စပ် ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ အတူအကွ ပူးပေါင်းပါဝင်ကြဖို့ ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN