ပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာ ဟုသုတ တိုးပွားစေရန် (Online Page)မှ တစ်ဆင့် ကျန်းမာရေးကဏ္ဍ အသိပညာပေး ဆွေးနွေးဟောပြော

ပွင့်ဖြူ ၂၅ နိုဝင်ဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid – 19  ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ကျန်းမာရေးကဏ္ဍအသိပညာပေး ဆွေးနွေးဟောပြောခြင်း အစီအစဉ်အား နိုဝင်ဘာ ၂၅ ရက်၊  နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အွန်းလိုင်းစနစ်ဖြင့် ကျန်းမာရေးကဏ္ဍ အသိပညာပေး ဆွေးနွေးဟောပြောခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ထုတ်ဝေသည့်  ဒို့ကျေးရွာဂျာနယ် အတွဲ - ၁၇ ၊ အမှတ် - ၂၂  တွင် ကျော်ဟန် (မြန်မာစာ) ရေးသားသည့် “ကြက်သွန်နီနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးကဏ္ဍ အဖြစ် ရေးသားထားသော ကြက်သွန်နီ၏ ဆေးဖက်ဝင်မှုဆိုင်ရာ ကျန်းမာရေးသိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြော ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ကျန်းမာရေးကဏ္ဍအသိပညာပေး ဆွေးနွေးဟောပြောခြင်းအစီအစဉ်ကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်  မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးလျက် ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ထံက သိရသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)