ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော် ၂ ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၁၂၉ ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့အား ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး လွှတ်တော်အစည်းအဝေးခန်းမကြီးအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြား၍ လွှတ်တော်အဆောက်အဦများကို  လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)