ပြည်ထောင်စုနေ့ ပိတ်ရက်မှာတော့ ဌာနအနေနဲ့ သဝဏ်လွှာဖတ်ပွဲတက်မယ်

ရန်ကုန် ၉ ဖေဖော်ဝါရီ

ယခုလာမည့် ဖေဖော်ဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်သည် စနေ၊ တနင်္ဂနွေနေ့အပြင် ပြည်ထောင်စုနေ့နှင့်ပါ တိုက်ဆိုင်နေ၍ အများပြည်သူတို့အတွက် ရုံးပိတ်ရက် သုံးရက် တစ်ဆက်တည်းဖြစ်သွားခဲ့သည်။ အများပြည်သူရုံးပိတ်ရက် သုံးရက်တာကာလအတွင်း လူမှုဘဝ စတိုင်အလိုက် ကိုယ်စီ ကိုယ်င အနားယူအပန်းဖြေကြမည့် ပြည်သူအချို့၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရည်ရည်မွန် (ရုပ်သံကျွမ်း ကျင်-၃)က “ဒီတစ်ပတ်မှာ ပြည်ထောင်စုနေ့ အပါအဝင် ရုံးသုံးရက်ပိတ်ပါတယ်။ ရုံးပိတ်ရက် နှစ်ရက်မှာ မိသားစုနဲ့ အတူအိမ်မှာပဲ မုန့်တစ်ခုခုလုပ်စားပြီး ပျော်ပျော်ရွှင်ရွှင်နေမယ်။

ပြည်ထောင်စုနေ့ ပိတ်ရက်မှာတော့ ဌာနအနေနဲ့ သဝဏ်လွှာ ဖတ်ပွဲတက်မယ်။ ပြည်သူတွေအတွက် ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာ စောင်တွေ ဝေငှသွားမယ်။

အရင်တုန်းက ရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာပဲနေတာများပါတယ်။ အခုလာမယ့်ရုံး ပိတ်ရက်မှာတော့ ကုသိုလ်ကောင်းမှု အလုပ်တွေလုပ်ဖို့ စိတ်ကူးထားပါတယ်။ ဒါ့အပြင် ပြည်သူတွေ ဗဟုသုတရှိအောင် လက်ကမ်းစာစောင်တွေ ဝေပေးသွားမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ရုံးပိတ်ရက်မှာ ပြည်သူတွေ ဗဟုသုတရှိအောင် လုပ်ဆောင်ခွင့် ရှိတဲ့အတွက်လည်း ဝန်ထမ်းတစ်ယောက် အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ မတ်လရုံးပိတ်ရက်မှာတော့ မိသားစုနဲ့အတူ ဘုရားဖူးခရီးထွက်ဖို့ စိတ်ကူးထားပါတယ်။” ဟု ပြောသည်။

MDN