ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တတိယနေ့ ကျင်းပ

နေပြည်တော် ၂၆ မေ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တတိယနေ့ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) သတ်မှတ် နေရာအသီးသီး၌ ဆက်လက်ကျင်းပသည်။ 

နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် စိုင်းအိုက်ပေါင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးကျော်တင့်ဆွေနှင့် ပဒိုစောကွယ်ထူးဝင်းတို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ စိုင်းအိုက်ပေါင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အလားတူ စီးပွားရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် ဦးတင်ထွဋ်ဦးက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် စောကိုကြီးကျော်နှင့် ဦးသာထွန်းလှတို့က ဆောင်ရွက်ကြသည်။ ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ် ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အတွင်းရေးမှူးအဖွဲ့က မူဝါဒအဆိုပြုလွှာများကို တစ်ချက်ချင်း ရှင်းလင်းကြပြီး အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက မူဝါဒအဆိုပြုလွှာများအပေါ် အချက်တစ်ချက်ချင်းအလိုက် အလှည့်ကျ ဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ထို့အတူ လူမှုရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် ဦးသိန်းဆွေက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာနော်ကပေါ်ထူးနှင့် ဦးအာဒဲ့ လယ်တို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ် ဦးသိန်းဆွေက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့အတူ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာ ပတိအဖြစ် ဒေါက်တာဝါဝါမောင်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် နိုင်လှခိုင်နှင့် ပဒိုစောဘာဒီဖိုး တို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ ဒေါက်တာဝါဝါမောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အလားတူ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် ဦးညွှန့်မောင်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဖြားတန်ခွန်ဥက္ကာနှင့် ဗိုလ်မှူးချုပ် ဝင်းမိုးတို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ ဦးညွန့်မောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက စုစည်းချက်များအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့များ၏ ဆွေးနွေးပွဲများကို (MICC-II) သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ဆွေးနွေးပွဲကို Horizon Lake View ဟိုတယ်၌လည်းကောင်း စတင်ကျင်းပသည်။ အစုအဖွဲ့ဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးကဏ္ဍအလိုက် ဆွေးနွေးခဲ့သော မူဝါဒအဆိုပြုလွှာများနှင့် စပ်လျဉ်း၍ ထွက်ရှိချက်များကို သက်ဆိုင်ရာ အစုအဖွဲ့အလိုက် သုံးသပ်ခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မေ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများကို ကျင်းပမည်ဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် (UPDJC)၏ ဆုံးဖြတ်ချက်များအား သက်ဆိုင်ရာ အစုအဖွဲ့တွင် ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။