ပြည်ထောင်စုရာထူးဝန်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ၁၆  စက်တင်ဘာ   
 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယ (၃)လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ နိဂုံးချုပ် အမှာစကား ပြောကြား သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  


(သတင်းစဉ်)