ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ

(က) သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ ဝင်ခွင့် လျှောက်ထားလိုသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

 

(၁) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံသားဖြစ်ရမည်။

 

(၂) ၂၀၁၈ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူဖြစ်ပြီး၊ စုစုပေါင်းရမှတ် (၄၅၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်သည်။

 

(၃) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများမှ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာရပ်တစ်ခုခုဖြင့် ဖြေဆိုအောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

 

(ခ) စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၂၀ဝ)ဦး လက်ခံမည်ဖြစ်သည်။

 

(ဂ) သင်တန်းကာလ(၅)နှစ်ဖြစ်၍ အထူးပြုဘာသာရပ်အလိုက် အောင်မြင်ပြီး မြောက်သူများကို အောက်ပါ ကွန်ပျူတာဆိုင်ရာဘွဲ့များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အဆင့်မီပါက မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့ သင်တန်းများသို့ အဆင့်ဆင့်တက်ရောက်ခွင့်ရှိသည်-

 

(၁) ကွန်ပျူတာသိပ္ပံဘွဲ့(စီးပွားရေးသတင်းအချက်အလက်စနစ်)

 

      B.C.Sc.(Business Information Systems)

 

(၂) ကွန်ပျူတာသိပ္ပံဘွဲ့(စွမ်းရည်မြင့်တွက်ချက်မှုပညာ)

 

      B.C.Sc.(High Performance Computing)

 

(၃) ကွန်ပျူတာသိပ္ပံဘွဲ့(အသိပညာအင်ဂျင်နီယာ)

 

      B.C.Sc.(Knowledge Engineering)

 

 (၄) ကွန်ပျူတာသိပ္ပံဘွဲ့(ပရိုဂရမ်အင်ဂျင်နီယာ)

 

      B.C.Sc.(Software Engineering)

 

(၅) ကွန်ပျူတာနည်းပညာဘွဲ့(ဆက်သွယ်ရေးနှင့်ကွန်ရက်ပညာ)

 

      B.C.Tech.(Communication and Networking)

 

(၆) ကွန်ပျူတာနည်းပညာဘွဲ့(ကွန်ပျူတာစနစ်ပညာ)

 

      B.C.Tech.(Computer Systems)

 

(၇) ကွန်ပျူတာနည်းပညာဘွဲ့(မြှုပ်နှံထိန်းချုပ်စနစ်)

 

      B.C.Tech.(Embedded Systems)

 

(ဃ) ဝင်ခွင့်လျှောက်ထားလိုသူများသည် ဝင်ခွင့်လျှောက်လွှာပုံစံများကို သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန Website www.myanmar-education.edu.mm တွင် လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် Website www.uit.edu.mm တွင် လည်းကောင်း ရယူနိုင်ပါသည်။

 

ဝင်ခွင့်လျှောက်လွှာစတင်လက်ခံသည့်ရက်-၁၅-၆-၂၀၁၈ရက်(သောကြာနေ့)

 

လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက် - ၁၆-၇-၂၀၁၈ရက်(တနင်္လာနေ့)

 

ဝင်ခွင့်ရရှိသူများ၏ အမည်စာရင်း -၁၅-၈-၂၀၁၈ရက်(ဗုဒ္ဓဟူးနေ့)

 

ကြေညာမည့်ရက်

 

ကျောင်းအပ်စတင်လက်ခံမည့်ရက် -၁၆-၈-၂၀၁၈ရက်(ကြာသပတေးနေ့)

 

ကျောင်းအပ်နောက်ဆုံးလက်ခံမည့်ရက် -၂၃-၈-၂၀၁၈ရက်(ကြာသပတေးနေ့)

 

(င) ဝင်ခွင့်ရရှိသူများသည် အထက်ပါ ကျောင်းအပ်နောက်ဆုံးရက်ထိ ကျောင်းအပ်နှံရန် ဤတက္ကသိုလ်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိပါက အရန်ရွေးချယ်ထားသည့်စာရင်း(Waiting List)အဖြစ် ထုတ်ပြန်ကြေညာ ထားသူများထဲမှ ဝင်ခွင့်ရရှိနိုင်ရန် ထပ်မံ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ၁၂-၉-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ကျောင်းအပ်ရမည် ဖြစ်ပါသည်။

 

(စ) လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို ပူးတွဲတင်ပြရမည်-

 

(၁) ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းမူရင်း

 

(၂) ကျောင်းသား၊ ကျောင်းသူနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ(၁)စုံစီ

 

(၃) ဓာတ်ပုံ(၃)ပုံ(ဓာတ်ပုံ၏ နောက်ကျောတွင် အမည်နှင့်တက္ကသိုလ်ဝင်စာမေးပွဲ ခုံအမှတ်ရေးရန်။)

 

(ဆ) ဝင်ခွင့်လျှောက်လွှာများကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါရမီလမ်း၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ စာတိုက်သင်္ကတေ-၁၁၀၅၁ သို့ တိုက်ရိုက် လျှောက်ထားရမည်။

 

(အသေးစိတ်သိလိုပါက ဖုန်းနံပါတ် ဝ၁-၉၆၆၄၇၀၉သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။)

 

ကျောင်းသားရေးရာဌာန

 

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်