ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်တက္ကသိုလ် ကြောညာချက်

၁။ ရန်ကုန်တက္ကသိုလ်၏ ၂၀၁၈-၁၉ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း အသီးသီးအတွက် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း ကြေညာလိုက်သည် -

 

(က)   ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူဖြစ်ရမည်။

 

(ခ)     ဝင်ခွင့်လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ ရန်ကုန်တက္ကသိုလ်၏ ဝင်ခွင့်အတွက် လမ်းညွှန်ချက်များကို လိုက်နာမှုရှိရမည့်အပြင် မိမိ၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ရမှတ်သည် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုရှိရမည် -

 

 

(ဂ)     ထိုတက္ကသိုလ်မှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

 

(ဃ)   ဝင်ခွင့်လျှောက်ထားသူသည် အထက်ဖော်ပြပါ ဘာသာရပ် (၂၆) မျိုးအနက် မိမိ၏ တက္ကသိုလ်ဝင် စာမေးပွဲအောင် ရမှတ်နှင့် ကိုက်ညီသော ဦးစားပေး ဘာသာရပ် (၃) ခုသာ လျှောက်ထားခွင့်ရှိသည်။

 

(င)     ဝင်ခွင့်လျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်၏ သတ်မှတ်လျှောက်လွှာဖြင့် လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားရမည်။

 

(စ)     လူကိုယ်တိုင်လျှောက်ထားသူသည် ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမ (အပေါ်ထပ်) ရှိကောင်တာများတွင်  လျှောက်လွှာတင်သွင်း လျှောက်ထားရမည်။ စာတိုက်မှလျှောက်ထားလိုသူများသည် မှတ်ပုံတင်စာဖြင့် ရန်ကုန်တက္ကသိုလ်သို့ လိပ်မှုပြီးလျှောက်ထားကြရမည်။     

                  

(ဆ)   ဝင်ခွင့်ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်းကို ဝင်ခွင့်ဖြေဆိုရက်မတိုင်မီ ရန်ကုန်တက္ကသိုလ်၏ ကြော်ငြာသင်ပုန်းများနှင့် ရန်ကုန်တက္ကသိုလ်၏ website www.uy.edu.mm တွင် ကြော်ငြာထားမည် ဖြစ်ပါသည်၊

 

(ဇ) လျှောက်ထားသူသည် တစ်ဘာသာချင်းအတွက် ဦးစားပေးဘာသာရပ်အလိုက် လူတွေ့စစ်ဆေးခြင်းကို ခံယူရမည်။ (ဦးစားပေးဘာသာရပ် (၃) ခု လျှောက်ထားပါက သက်ဆိုင်ရာ ဘာသာရပ်အလိုက် လူ့တွေ့ စစ်ဆေးခြင်းကို (၃) ကြိမ် ခံယူရမည်။)

 

(ဈ)    လူတွေ့စစ်ဆေးခြင်းခံယူရမည့် အချိန်၊ နေ့ရက်၊ နေရာ ဝင်ခွင့်လျှောက်ထားလိုသူများအတွက် လူတွေ့စစ်ဆေးမည့် အချိန်၊ နေ့ရက်၊ နေရာများကို ရန်ကုန်တက္ကသိုလ်တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ၏ website တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 

(ည)   အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မဖြေဆိုသော ဦးစားပေးဘာသာရပ်အတွက် လက်ခံစဉ်းစားမည် မဟုတ်ပါ။

 

(ဋ)     ဝင်ခွင့်ရသော ဘာသာရပ်မှ အခြားဘာသာရပ်သို့ ဘာသာပြောင်း လျှောက်ထားခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။

 

၂။         ဝင်ခွင့်လျှောက်လွှာတိုင်ယူခြင်း၊ ပြန်လည်တင်သွင်းခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည် -

 

(က) ဝင်ခွင့်လျှောက်လွှာကို ရန်ကုန်တက္ကသိုလ်တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၏ website တွင် လည်းကောင်း ရယူနိုင်ပါသည်။

 

(ခ)     ဝင်ခွင့်လျှောက်လွှာစတင်ထုတ်ပေးမည့်

 

ရက် - (၁၅.၆.၂၀၁၈)

 

နေရာ - ကျောင်းသားရေးရာဌာန၊ သိပ္ပံဆောင်၊ ရန်ကုန်တက္ကသိုလ်၊ ကမာရွတ်မြို့နယ်။

 

(ဂ)     လျှောက်လွှာပြန်လည်တင်သွင်းရမည့်နေရာ - သိပ္ပံခန်းမ (အပေါ်ထပ်)၊ ရန်ကုန်တက္ကသိုလ်

 

(ဃ) စာတိုက်မှပေးပို့လျှောက်ထားလိုသူများအတွက် - (ကျောင်းသားရေးရာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) သို့ လိပ်မူပြီး မှတ်ပုံတင်စာဖြင့် ပေးပို့လျှောက်ထားကြရမည်။

 

(င)     လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် - (၁၅.၇.၂၀၁၈)

 

(စ)     လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲလျှောက်ထားရမည် -

 

(၁)     တက္ကသိုလ်ဝင် စာမေးပွဲအောင် အမှတ်စာရင်းမူရင်း

 

(၂)     လက်ရေးလျှောက်လွှာမူရင်း (၁) စောင်

 

(၃)     အမိ၊ အဖ ကျောင်းသား (၃) ဦးလုံး၏ မှတ်ပုံတင်မိတ္တူ

 

(၄)     (၆) လအတွင်း ရိုက်ကူးထားသော (1.5”*1) အရွယ် ပတ်စပို့စ် ဓာတ်ပုံ (၁) ပုံ

 

(ဆ) သတ်မှတ်ရက်ထက် နောက်ကျမှလက်ခံရရှိသော လျှောက်လွှာများ၊ အချက်အလက်မပြည့်စုံသော လျှောက်လွှာများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော လျှောက်လွှာများနှင့် မမှန်မကန်ဖြည့်သွင်းထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်၊

 

(ဇ)     ရန်ကုန်တက္ကသိုလ်မှ တက်ရောက်ခွင့်ရရှိသူ အမည်စာရင်းများကို (၁၅.၈.၂၀၁၈) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏ website နှင့် ကြော်ငြာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာပေးပါမည်။

 

(ဈ)    ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ခြင်းမခံရပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် အခြားတက္ကသိုလ်များသို့ တက်ရောက်သင်ကြားနိုင်ရန် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါအတိုင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်မြင့်ပညာဦးစီးဌာနသို့ တစ်ပြိုင်တည်း လျှောက်ထားရမည်။

 

(ည) အသေးစိတ် အချက်အလက်များ၊ သင်တန်းဝင်ခွင့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဌာနမှူး၊ (သင်တန်းရေးရာ၊ ရန်ကုန်တက္ကသိုလ်) ဖုန်း ဝ၁-၅၃၄၀၉၈ ၊ မော်ကွန်းထိန်းရုံးခန်း ဖုန်း ဝ၁-၅၃၄၃၉၀ များသို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

 

ရန်ကုန်တက္ကသိုလ်