ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration - IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား လက်ခံတွေ့ဆုံ

နေပြည်တော်  စက်တင်ဘာ ၁၂

 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration - IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား (၅)နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၃-၂၀၁၇)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၂၂) ငါးနှစ်စီမံချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆောင်ရွက်ဆဲ လုပ်ငန်းအစီအစဉ်များ ဆိုင်းငံ့ခဲ့ရ၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများ၊ ရွှေ့ပြောင်းသွားလာမှု များပြားသည့် ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်၍ စွန့်ဦးတီထွင် လုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်မှုနှင့် အသိပညာများ ဖြန့်ဖြူးပေးနိုင်ရေး အသိပညာပေးအစီအစဉ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရုံးတို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်