ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

နေပြည်တော် ၈ ဇန်နဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Head of Economic and Development Assistance Section မှ Counsellor Mr. Takimi Kazuyuki နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အဆင့်မှ ဒေသန္တရဆိုင်ရာအဆင့်အထိ အဆင့်ဆင့်ချိတ်ဆတ်ဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးသည့်စနစ်၊ ပြည်သူလူထုနှင့် သတင်းမီဒီယာများ၊ ဆိုရှယ်မီဒီယာများသို့ သတင်းအချက်အလက် ဖြန့်ဖြူးပေးသည့်စနစ်၊ ရေကြီးရေလျှံမှုများ၊ ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ပါးရေး ဆောင်ရွက်သည့်အစီအစဉ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့ခံစားနေရသည့် ရာသီဥတုပြောင်းလဲမှုများနှင့် အကျိုးဆက်များကို သင့်လျော်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ဂျပန်နိုင်ငံ အစိုးရဌာနများက ဆောင်ရွက်နေမှုကို လေ့လာပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

သတင်းစဉ်