ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် (၆)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ၂၀  နိုဝင်ဘာ

 

ထိုင်းနိုင်ငံ၌ ကျင်းပသော အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ASEAN Defence Ministers' Meeting Retreat-ADMM Retreat) နှင့် (၆)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (6th ASEAN Defence Ministers' Meeting - Plus - 6th ADMM-Plus) တို့သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ယမန်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။


ပြည်ထောင်စုဝန်ကြီးအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak နှင့် စစ်သံမှူး(ရေ)တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်