ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့် အဖွဲ့အား Video Conferencing ဖြင့် တွေ့ဆုံ

နေပြည်တော် ၂၈ ဇူလိုင်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001 ၏ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr.Geert De Bruycker နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် Myanmar Tourism Strategic Recovery Road Map ကို ကျွမ်းကျင်ပညာရှင်များဖြင့် ရေးဆွဲရေးကို စီမံကိန်းမှ တာဝန်ယူဆောင်ရွက်ရေးနှင့် Road Map ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အပြီးရေးဆွဲ ထုတ်ပြန်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားလိုကြောင်း။

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်းအား ရပ်နားထားစဉ် ကာလအတွင်း Online မှတစ်ဆင့် သင်တန်းများ စီစဉ်ဆောင်ရွက်ရေး၊ ဝန်ကြီးဌာန၏ Center for Tourism Development (CTD) ကို ပြည်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ CTD တွင် နည်းပြဆရာအဖြစ် သင်တန်းများ ဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ဆွေးနွေးမှာကြားရာ စီမံကိန်းတာဝန်ခံ Mr.Geert De Bruycker မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ထံ တင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက Myanmar Tourism Strategic Recovery Road Map Guideline ရေးဆွဲထားရှိမှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်