ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့် အဖွဲ့နှင့်  Video Conferencing ဖြင့် ဆွေးနွေး

နေပြည်တော်  ၃၁  မတ်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator , Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ဆွေးနွေးသည်။

 

2020

 

ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် ၄၀/၄၂ ၊ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development မြေညီထပ်ပြုပြင်မွမ်းမံမှု၊ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၀-၂၀၃၀ ရေးဆွဲရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်သည့် အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်းအား ရပ်နားထားစဉ် ကာလအတွင်း Online မှတဆင့် သင်တန်းများ စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု သင်တန်းများနှင့် အခြားဘာသာရပ်ဆိုင်ရာ သင်တန်းများကို Online စနစ်ဖြင့် စဉ်ဆက်မပြတ် ပို့ချနိုင်ရေး၊ ကိုဗစ်-၁၉ ကာလအလွန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်သောငွေကြေးနှင့် နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ပြောကြားသည်။ 

 

20203

 

ထို့နောက် စီမံကိန်းတာဝန်ခံ Mr. Geert De Bruycker နှင့် CTD သင်တန်းတာဝန်ခံ ဒေါ်အိရွှေဇင်အောင်တို့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်