ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ဆိုင်ရာ Country Director, Ms. Mariam J. Sherman အား Teleconference ဖြင့် လက်ခံတွေ့ဆုံ

နေပြည်တော်  ၇  မေ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ဆိုင်ရာ Country Director , Ms. Mariam J. Sherman အား Teleconference ဖြင့် လက်ခံ တွေ့ဆုံခဲ့ပါသည်။

 

တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံ၏ COVID-19 Economic Relief Plan (CERP) အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ဘဏ်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်မှ Myanmar COVID-19 Emergency Response Project အတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀) နှင့် Essential Health Services Access Project (EHSAP) အတွက် ချေးငွေ အမေရိကန်ဒေါ်လာ (၅) သန်း ပံ့ပိုးပေးမည့် ကိစ္စနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေ၊ ထို့ပြင် ကမ္ဘာ့ဘဏ်၏ Global Pandemic Emergency Facility (PEF) အစီအစဉ်မှ မြန်မာနိုင်ငံသို့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၈) သန်း ပံ့ပိုးပေးမည့်အခြေအနေ၊ ယင်းကိစ္စရပ်များ နှင့်စပ်လျဉ်းသည့် ပစ္စည်းဝယ်ယူရေး ဆိုင်ရာကိစ္စရပ်များ၊ Myanmar: National Food and Agriculture Systems Project အတွက် ကမ္ဘာ့ဘဏ်၏ International Development Association (IDA) မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၂၀၀) အထိ တိုးမြှင့် ပံ့ပိုးပေးမည့် အခြေအနေ၊ Additional Financing အဖြစ် Essential Health Services Access Project အတွက် IDA မှ အမေရိကန်ဒေါ်လာ ချေးငွေ သန်း (၁၀၀) နှင့် ကမ္ဘာ့ဘဏ်၏ Global Financing Facility အစီအစဉ်မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၀) သန်း ပံ့ပိုးပေးမည့်အခြေအနေ၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံ၏ Country Partnership Framework (2019-2023) အကောင်အထည် ဖော်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ပံ့ပိုးကူညီဆောင်ရွက်နေသည့် အခြေအနေများအား ဆွေးနွေးသည်။

 

ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်