ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော် မတ်

 

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ (/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ နောင်ရေးအတွက် စိတ်အေးရစေရန်နှင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ကျခံသုံးစွဲရမှု အခြေအနေကို ရေရှည်တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေတည်ထောင်သည့်စနစ်ကို သုံးသပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွင်လည်း တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ထားပါကြောင်း။

 

မိမိတို့နိုင်ငံတွင် ပင်စင်စားဦးရေစုစုပေါင်း ()သန်းနီးပါးရှိပြီး ပင်စင်လစာများကိုလည်း ၂၀၁၉ ခုနှစ်က တိုးမြှင့်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်စင်နှင့်ဆုကြေးအသုံးစရိတ်အတွက် တစ်နှစ်လျှင် မြန်မာကျပ်ငွေ ( ဒသမ ) ထရီလီယံခန့် သုံးစွဲလျက်ရှိပါကြောင်း၊ ဌာနများအနေဖြင့် ဝန်ထမ်းအသစ်များ အများအပြား ခန့်အပ်လိုမှုများကို စိစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နောင်လာမည့် နှစ် ၂၀၊ နှစ် ၃၀ ဆိုလျှင် ပင်စင်အသုံးစရိတ်သည် အလွန်များပြားလာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Central Provident Fund ကို ထူထောင်ရန် စဉ်းစားရခြင်း ဖြစ်ကြောင်း၊ CPF ကို အစိုးရနှင့် ဝန်ထမ်းတို့၏ ထည့်ဝင်ငွေဖြင့် စု ဆောင်းမည်ဖြစ်ပြီး လက်ရှိနိုင်ငံ့ဝန်ထမ်းများကိုသာ အဓိကဦးတည်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းမှ လစာ၏ ရာခိုင်နှုန်းထည့်လျှင် အစိုးရမှလည်း ရာခိုင်နှုန်း စုဆောင်းလျှင် ရန်ပုံငွေ တစ်ခုရရှိမည်ဖြစ်ပြီး ထိုရန်ပုံငွေသည် Central Provident Fund ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဟု ခေါ်ဆိုထားပါကြောင်း၊ ရန်ပုံငွေကို ပြင်ပပညာရှင်များအပါအဝင် စီမံခန့်ခွဲမှုအဖွဲ့ဖြင့် ဥပဒေနှင့်အညီ ဆုံးရှုံးနိုင်ခြေမရှိသော (Risk Free) ရင်းနှီးမြှုပ်နှုံမှုများ ဆောင်ရွက်ပြီး အဖွဲ့ဝင် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနှင့် လစဉ်အကျိုးခံစားခွင့်တို့ကို ပေးအပ်သွားရန် ဖြစ်ပါကြောင်း၊ ရန်ပုံငွေများကို အစိုးရမှ ရောင်းချသည့် ငွေတိုက်စာချုပ်များ၊ ငွေတိုက်လက် မှတ်များကို ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံသွားပါက ဆုံးရှုံးနိုင်ခြေ မရှိပါကြောင်း၊ ဥပဒေစတင် အတည်ပြုသည့်နေ့မှစ၍ ခန့်အပ်သည့် ဝန်ထမ်းသစ်များ၊ အမှုထမ်းသက် (၁၀) နှစ်အောက် ပင်စင်ခံစားခွင့် မရှိသေးသူများသည် CPF တွင် အကျုံးဝင်စေမည် ဖြစ်ပါကြောင်း၊ ပင်စင်ခံစားခွင့်ရှိသည့် အမှုထမ်းသက် (၁၀) နှစ်ပြည့်ပြီးသူများအား လက်ရှိအတိုင်း ခံစားခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေတစ်ရပ် ပေါ်ပေါက်လာစေရေး ဆောင်ရွက်လိုသည့် ပုံစံများကိုလည်း အကြီးအကဲများထံ တင်ပြခဲ့ပါကြောင်း။

 

နှစ်ကြာလာသည့်အခါ ယခင်စနစ်မှ ပင်စင်ခံစားမည့်သူများသည် တဖြည်းဖြည်းနည်းသွားပြီး စနစ်သစ်ဖြင့် ခံစားမည့်သူများ များလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအား ရန်ပုံငွေများကို သုံးခွင့်ပေးထားခြင်းဖြစ်၍ နိုင်ငံတော်မှ အတိုးပေးနေရမည် ဖြစ်ပါကြောင်း၊ ပင်စင်ခံစားခွင့်ရှိသည့် အမှုထမ်းသက်မပြည့်သေးသည့် ဝန်ထမ်းများ၏ အမှုထမ်းသက်အတွက် ထည့်ဝင်ကြေးများကို နိုင်ငံတော်မှ ထည့်ဝင်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကို ရေးဆွဲရန်ကိစ္စမှာ အရေးကြီးပါကြောင်း၊ အောင်မြင်အောင် မည်ကဲ့သို့ဆောင်ရွက်မည်ကို ဝိုင်းဝန်းစဉ်းစားဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း မှာကြားသည်။

 

ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခင်အစည်းအဝေးနှင့် ယခုအစည်းအဝေးကြားကာလတွင် အကောင်အထည်ဖော်မည့် ပုံစံနှင့်ပတ်သက်၍ အဆင့်ဆင့်တင် ပြလမ်းညွှန်မှု ခံယူခဲ့ပြီးဖြစ်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်မည့်အချိန်ဇယား (Time Frame) ရေးဆွဲ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

ပင်စင်စနစ်ပြုပြင် ပြောင်းလဲရေးနှင့်ပတ်သက်ပြီး Myanmar Sustainable Development Plan-MSDP ကို ချိတ်ဆက်ပြီး အကောင်အထည်ဖော်ရန် Project Bank ထဲမှာလည်း မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် ထည့်သွင်းဆောင်ရွက်ထားပြီး လိုအပ်သည့် အသုံးစရိတ်များလည်း ကျခံသုံးစွဲ လျက်ရှိပါကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများ၏ အချက်အလက်များကို အတွင်းရေးမှူးရုံးဖြစ်သည့် ပင်စင်ဦးစီးဌာနမှ ကြိုတင်ကောက်ယူပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အကောင်ထည်ဖော်မည့်ပုံစံနှင့်အညီ ပြုစုထားသည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေ (ဒုတိယမူကြမ်း) ကို ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ဤမူကြမ်းကို ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင်လည်း ရှင်းလင်းတင်ပြခဲ့ပါကြောင်း။

 

ကော်မတီအဖွဲ့ဝင်အချို့ကို ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ အစိုးရပင်စင်ရန်ပုံငွေစနစ် (Government Pension Fund-GPF) ကိုလည်း သွားရောက်လေ့လာစေခဲ့ကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ် မြောက်ပုံမှန် အစည်းအဝေးတွင် ဝန်ထမ်းများအငြိမ်းစားယူသည့်အခါ သို့မဟုတ် နုတ်ထွက်သည့်အခါ စုဆောင်းငွေ တစ်ရပ်ရရှိရန် General Provident Fund (GPF) ထူထောင်ရန် အစီအစဉ်ရှိ/မရှိ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းချက်အပေါ်တွင်လည်း အစီအစဉ်ရှိသည်ဟု ဖြေကြားခဲ့ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှုဆိုင်ရာ ကြိုတင်ဆောင်ရွက်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေ (ဒုတိယမူကြမ်း) ရေးဆွဲပြီးစီးမှုအခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီဇိုင်းပုံစံတို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်၊ ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်