ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၃ ဒီဇင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိ‌ရော့ မာရုယာမ အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Yangon Outer Ring Road စီမံကိန်းနှင့် လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်