ပြည်ထောင်စုဝန်ကြီး ဦးမော်သန်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စာရင်းစစ်ချုပ် ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဒီဇင်ဘာ ၁၁ရက် နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် စာရင်းစစ်ချုပ် ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်နှင့် မြို့နယ်ရုံးများ၏ အရာရှိအဆင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က  ဝန်ထမ်းများ၏ အခက်အခဲများ တင်ပြရန်၊ စာရင်းစစ်ဆေးရာတွင် အထောက်အထားများ ပြည်စုံလုံလောက်စွာ ရယူရန်၊ လုံ့လဝီရိယထားကာ ဆောင်ရွက်ရန်၊ စာရင်းစစ် ရုံးဝန်ထမ်းများ ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ကြရန်၊ တစ်ဦးတစ်ယောက်မှသည် ရုံးကြီးတစ်ခုလုံး ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို ဆက်ဆံရန်၊ နာမည်ကောင်းရရှိအောင် ဆောင်ရွက်ရေးနှင့် ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ စစ်ဆေးရမည့် အဖွဲ့အစည်းများနှင့် သဟဇာတ ညီညွတ်ကောင်းမွန်စွာ ဆက်ဆံရေး၊ ထက်အောက်ရိုသေစွာ ဆောင်ရွက်ရန်၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရန်၊ နာမည်ကောင်းရရှိအောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုအတွက်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ထိန်းကျောင်းမှု ကဏ္ဍအားကောင်း ခိုင်မာမှုရှိရေး လမ်းညွှန် အမှာစကား ပြောကြားသည်။

 

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ဒေါ်ခင်အေးဆွေက တိုင်းဒေသကြီး အတွင်းရှိ ဝန်ထမ်းအင်အား၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် မြေပိုင်ဆိုင်ရုံးနှင့် ဝန်ထမ်းအိမ်ယာအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ၊လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် ဝန်ထမ်း များအား  လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ် စာရင်းစစ်ရုံးများသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန် မှာကြားသည်။ အလားတူ ဒီဇင်ဘာ ၁၀ရက်က ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည် ခရိုင်ရုံးများသို့ သွားရောက်ကာ ခရိုင်မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။  

 

သန်းဇော်မင်း (ပြန်/ဆက်)