ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်    မတ်

 

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ကမ္ဘာ့ အင်ဂျင်နီယာနေ့ (World Engineering Day for Sustainable Development) အထိမ်း အမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့၏နာယက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ လျှောက်လှမ်းခဲ့သည့် သမိုင်းကြောင်းနှင့် လက်ရှိ ရောက် ရှိနေမှု၊ အာဆီယံအပြင် ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ်တွင် ပါဝင်ဆောင်ရွက်နေမှု၊ ကမ္ဘာကြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးတွင် အင်ဂျင်နီယာများ၊ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများသည် အရေးပါသည့်အတွက် ယခုနှစ်မှစတင်၍ မတ် ရက်ကို ကမ္ဘာ့ အင်ဂျင်နီယာများနေ့အဖြစ် UNESCO မှ သတ်မှတ်ပေးခဲ့ပါကြောင်း၊ ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးခရီးပန်းတိုင် Sustainable Development Goal (၁၇)ချက်တွင် အင်ဂျင်နီယာများ မဖြစ်မနေ ဦးဆောင်ပါဝင် လှုပ်ရှားရမည့် ပန်းတိုင်()ခုရှိကြောင်း၊ ၎င်း ပန်းတိုင်များအတွက် ရည်မှန်းချက်များကို ၂၀၃၀ ပြည့်နှစ်တွင် အားလုံးတန်းတူညီစွာ ရရှိခံစားနိုင်ရေးအတွက် အင်ဂျင်နီယာများက စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အင်ဂျင်နီယာ အတတ်ပညာသည် စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှု၏ အခြေခံလိုအပ်ချက်များ၊ နည်းပညာသစ် ဖော်ထုတ်အသုံးပြုခြင်းများ၊ လူသားများအတွက် စားဝတ်နေရေးနှင့် ကျန်းမာ ရေးဆိုင်ရာများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ၊ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိ ရေး၊ စွမ်းအင်လုံလောက်စွာရရှိရေး၊ သဘာဝအရင်းအမြစ်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲထုတ်ယူသုံးစွဲခြင်း လုပ်ငန်းစဉ်များအတွက် မဖြစ်မနေ အားကိုးအား ထားပြုရသူများ ဖြစ်ကြောင်း၊ အင်ဂျင်နီယာများကို ပြည်တွင်း၌ သင့်တင့်သော အလုပ် အကိုင်ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ပြောင်းလဲလာသော နည်းပညာအသစ်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြစ်အောင် ပညာရေးကဏ္ဍမှ စိစစ်ပြောင်းလဲပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှ အရည်အချင်းမြှင့် သင်တန်းများ၊ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ စိစစ်ထုတ်ပေးခြင်းဖြင့် မိမိတို့ အင်ဂျင်နီယာများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးရာရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဌနှင့် Asia Pacific အင်ဂျင်နီယာ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာချာလီသန်းနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်တို့က ကမ္ဘာ့အင်ဂျင်နီယာနေ့ကျင်းပရခြင်းနှင့် အင်ဂျင်နီယာအသင်း၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လုပ်ငန်း အတတ်သင်ပညာရပ်များ၊ ပိုမိုတိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်နေမှုများ၊ UNESCO တွင် ဝန်ကြီး ဌာနမှ မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံမှ UNESCO ဗဟို အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် World Engineering Day for Sustainable Development ဆုရရှိသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၊ 2020 ပြည့်နှစ်အတွက် စံပြုထိုက်သူ လူငယ်ဆုရရှိသူနှင့် အဖွဲ့လိုက်လုပ်ငန်း စွမ်းဆောင်ရည်ဆု ရရှိသူများကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဌနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဌတို့က ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ကာ အခမ်းအနားကျင်းပရေးအတွက် မတည်အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းတင်လွှာများ ပေးအပ်ကြသည်။

 

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီနှင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီတို့မှ ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ ဉက္ကဌများနှင့် ဗဟိုကောင်မတီဝင်များ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြသည်။

 

သတင်းစဉ်