ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မြန်မာအမျိုးသမီးအသင်း ထွက်ခွာ

ရန်ကုန် ၂၈ ဇွန်


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအကြို ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ထွက်ခွာသွားခဲ့သည်။


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ ကစားသမား ၂၆ ဦး လိုက်ပါသွားသည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်- ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ဂိုး- ဇာဇာမြင့် (အား/ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း- ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ ခိုင်သဇင်ဦး (အား/ကာသိပ္ပံ)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြဝတီ)၊ ရှေ့တန်း- ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ နုနု၊ ရီရီဦး (အားကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)နှင့်  မြတ်နိုးခင် (YREO) တို့ လိုက်ပါသွားသည်။ 


မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၂၉ ရက်မှ ဇူလိုင် ၄ ရက်အထိ ခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး မွန်ပြည်နယ်မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲများအဖြစ် မော်လမြိုင်မြို့၌ ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ် Old Star အသင်း၊ ဇွန် ၃၀ ရက်တွင် အား/ကာသိပ္ပံ (မော်လမြိုင်) အသင်း၊ ထားဝယ်မြို့၌် ဇူလိုင် ၂ ရက်တွင် ထားဝယ်လူငယ် လက်ရွေးစင်အသင်း၊ ဇူလိုင် ၄ ရက်တွင် ထားဝယ်လက်ရွေးစင် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းသည် သြဂုတ်တွင်ကျင်းပမည့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ဇွန် ၁၂ ရက်မှစ၍ လေ့ကျင့်လျက်ရှိပြီး ကစားသမားအားလုံး ခေါ်ဆောင်သွားသည်။ မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင်နောက်ဆုံးပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်