ပန်းတနော်မြစ်ကူးတံတားအား စက်လှေတစ်စီးမှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွား 

ပန်းတနော်  ၆ သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် သြဂုတ်လ ၅ ရက် နံနက် ၆ နာရီက စက်လှေတစ်စီးမှ ပန်းတနော် မြစ်ကူးတံတားအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ပန်းတနော်မြို့ကွက်သစ်ရပ်ကွက် ကမ်းစပ်အနီးတွင် ကျောက်ချရပ်နားထားသည့် အောင်နိုင်ဝင်း မောင်းနှင်သည့် စက်တပ်ရေယာဉ်သည် ကျောက်ချထားချိန်တွင် ကြိုးပျက်၍ ရေစီးနှင့်မျောပါပြီး စက်လှေ၏နောက်ပိုင်းနှင့် ဝင်ရောက်တိုက်မိသဖြင့် ပန်းတနော်မြစ်ကူးတံတားအပေါ် လက်ရန်းတိုင် အလျား ၉ လက်မ၊ အနံ ၉ လက်မရှိ ကွန်ကရစ် အမျိုးအစား (၃)ပေခန့် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ စက်လှေမောင်း အောင်နိုင်ဝင်းအား ပန်းတနော်မြို့နယ်ရဲစခန်းမှ ဥပဒေအရအရေယူထားကြောင်း သိရသည်။


အေးချမ်းအောင်(ပြန်/ဆက်)