ပန်းတနော်မြို့နယ်၌ ဆိုလာပြားဖြင့် ဘတ္ထရီအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၂၃  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ် တွင်  ဆင်ချောင်းကျေးရွာနေ ဦးသိန်းထွန်း (၄၃) နှစ်၏ နေအိမ်၌ ဆိုလာပြားဖြင့် တ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ (၁၅) မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် () လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ ဦးသိန်းထွန်းအား ပန်းတနော်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)