ပန်ဝါမြို့ရှိ ရေခဲ ချောင်း၌ လာရောက်လည်ပတ်သူများပြား

ပန်ဝါ၊ ၂၅ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ပန်ဝါမြို့၌ ဆောင်းတွင်းကာလတွင် ရေခဲခြင်း၊ နှင်းမိုး ရွာသွန်းခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် အထင်ကရမြို့အဖြစ်တည်ရှိနေသည့် ပန်ဝါမြို့ အမှတ်သုံး နယ်စပ်မှတ်တိုင် အနီးရှိ ရေခဲချောင်း၌ လာရောက်အပန်းဖြေသူ များပြားလျက်ရှိသည်။

 

ဇန်နဝါရီ ၂၁ ရက်မှစ၍ နှင်းမိုးများ ရွာကျပြီးနောက် နှင်းခဲသည့် ရေခဲ ချောင်းသို့ လာရောက် လည်ပတ်သူ များပြားလာပြီး အဆိုပါ လာရောက်လည်ပတ်သူများမှ ဦးခေါင်လန်ဒီးက “ဒီတစ်ခါနဲ့ဆို လာလည်တာ နှစ်ခါရှိပြီ။ ဟုတ်တယ် ရေခဲနေတာ တော်တော်များတော့ တော်ရုံနဲ့ အရည်ပျော်ဦးမှာ မဟုတ်ဘူး၊ အခုက သူငယ်ချင်းတွေနဲ့ လာတာ၊ အရမ်းပျော်တယ်"ဟု ပြောပြသည်။

 

ဆက်လက်၍ ဦးပြည့်ဖြိုးပိုင်က "ကျွန်တော် ပန်ဝါရောက်တာ (၄)နှစ်ရှိပြီ၊ ဒါ ပထမဆုံးအကြိမ် ရောက်တာပါ၊ တစ်နာရီနီးပါး ကားမောင်းရတယ်၊ ၁၀ မိနစ်လောက် လမ်းလျှောက်ရတယ် ဆိုပေမယ့် ရေခဲတွေ၊ နှင်းတွေအပေါ် မောင်းရ၊ လျှောက်ရတော့ တော်တော်ပျော်စရာ ကောင်းပါတယ်" ဟု ပြောပြသည်။

 

ပန်ဝါမြို့သည် နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကာလများတွင် နှင်းမိုးများ ရွာသဖြင့် ရေခဲနှင်းများ ဖုံးလွှမ်းလျက် ရှိကြောင်း သိရသည်။

 

ရဲညွန့်(ပြန်/ဆက်)