ပျဉ်းမနားမြို့နယ်၌ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ပေးအပ်ပွဲ ကျင်းပ

ပျဉ်းမနား၊ ၁၇ ဒီဇင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများအား မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီတွင် ကူးတို့ဆိပ်ကျေးရွာရှိ ဘုန်တော်ကြီးကျောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်တို့က တောင်သူများအား မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ နေပြည်တော်ကောင်စီဝင် ဦးအေး မောင်စိန်နှင့် တာဝန်ရှိသူများက ကူတို့ဆိပ်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများအား မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ပေးအပ်သည်။

 

ထို့သို့ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ပျဉ်းမနားမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ခိုင်က ခွင့်ပြုမိန့်ပေးနိုင်ရန်အတွက် မြေလွတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့ ဥပဒေအရ တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်ထားတဲ့ မြေလွတ်၊ မြေရိုင်းတွေကို ဥပဒေနဲ့အညီ ခွင့်ပြုမိန့်လျှောက်ထားလာမှု အပေါ်မှာ ခွင့်ပြုမိန့်ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒီမြေများ အပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ဒီမြေကို တောင်သူများ ဒီအတိုင်းထားပါက ဥပဒေအရအကာအကွယ်မပေးနိုင်ကြောင်း ခုလိုစိုက်ပျိုးလုပ်ကိုင်ထားတဲ့ အရာတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့နှင့် တရားဝင်အမိန့် တစ်စုံတစ်ရာရဖို့အတွက်ကို မြို့နယ်အဆင့်မှစတင်ပြီး အမှုတွဲဖွင့် စိစစ်ဆောင်ရွက်ရာမှာ သစ်တောမြေနှင့် လွတ်ကင်းကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ကန့်ကွက်ရန်မရှိကြောင်းစသည့် သက်ဆိုင်ရာဌာနဆိုင်ရာများရဲ့ တောက်ခံချက်များနှင့်အတူ အဖွဲ့ဖွဲ့စိစစ်ပြီး ခရိုင်၊ တိုင်းအဆင့်ဆင့်တင်ပြကာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီးကာမှ ခုလို မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ပေးအပ်ကြောင်းနှင့် ပေးအပ်ပွဲပြုလုပ်ရာတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် သက်မှတ်စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ကို ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအတွင်းရှိ  တောင်သူ(၄၈)ဦးအား (၁၂၉ ဒသမ ၀၀) ဧကကို ခွင့်ပြုမိန့် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)

 

mdn