ပရီမီယာလိဂ် ၂၀၂၀/၂၀၂၁ ရာသီ စက်တင်ဘာ ၁၂ ရက်နေ့ စမယ်

၂၅ ဇူလိုင်

ပရီမီယာလိဂ် ဘောလုံးရာသီ (၂၀၂၀/၂၀၂၁) ကို စက်တင်ဘာ ၁၂ ရက်နေ့ စတင်သွားမှာဖြစ်ပြီး မေ ၂၃ ရက်မှာ ပွဲစဉ်တွေအဆုံးသတ်မှာ ဖြစ်ကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။

ပရီမီယာလိဂ်ပြိုင်ပွဲဝင် အသင်းအများစုဟာ ၂၀၁၉/၂၀၂၀ ဘောလုံးရာသီပြီးဆုံးမယ့် ဒီသီတင်းပတ် နဲ့ နောက်ရာသီမစခင်မှာ ကြားကာလမှာ သီတင်း ၇ ပတ် အနားရမယ်လို့ သိရပါတယ်။

ဒါပေမယ့် မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူနဲ့ ဝုဖ် Wolves အသင်းတွေတော့ ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါ လိဂ် ရဲ့ ဖိုင်နယ်ပွဲစဉ်တွေအထိ တက်ခွင့်ရမယ်ဆိုရင် သီတင်း ၃ ပတ်သာ နားခွင့်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲတွေက ဩဂုတ်လ ၂၃ ရက်နေ့မှာ လစ္စဘွန်းမြို့မှာ ဖိုင်နယ်ပွဲကျင်းပမှာဖြစ်ပြီး ယူရိုပါလိဂ် ဖိုင်နယ်ပွဲကို ဩဂုတ် ၂၁ ရက်နေ့မှာ ကိုလုံးမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

စက်တင်ဘာမှာ စတင်မယ့် ပရီမီယာလိဂ် ပွဲပြိုင်တွေဟာ ပရိတ်သတ် ပါဝင်ခွင့်မရတဲ့ တံခါးပိတ်ပွဲတွေဖြစ်မှာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးစည်းမျည်းဟာ စက်တင်ဘာ ၃၀  ရက်နေ့အထိ ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP

 

mdn